Вход на сайт

Просмотр новости

Найдите то, что Вас интересует

လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တခုအရ ဂျော်ဒန်နိုင်ငံရှိ Muwaffaq al-Salti လေတပ်အခြေစိုက်စခန်းကို အီရန်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်စဉ်အတွင်း ...

Дата публикации: 10-09-2026 03:57:37

လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တခုအရ ဂျော်ဒန်နိုင်ငံရှိ Muwaffaq al-Salti လေတပ်အခြေစိုက်စခန်းကို အီရန်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်စဉ်အတွင်း Black Hawk ရဟတ်ယာဉ် ၄ စီး ပျက်စီးသွားကြောင်း ဖော်ပြထားတယ်။ တချို့ကလည်း ဒီဗွီဒီယိုဖိုင်ဟာ သြဂုတ်လကတည်းက ပျံ့နှံ့ခဲ့တာပါလို့ မှတ်ချက်ပေးကြတယ်။
စစ်ရေးလေ့လာသူတဦးက (Emperor) ရဟတ်ယာဉ်တွေကို ဒုံးကျည် တိုက်ရိုက်ထိမှန်ခြင်း မဟုတ်ဘဲ ပေါက်ကွဲမှု ပြင်းအား (Blast shockwaves) သို့မဟုတ် ကွဲထွက်လာတဲ့ အပိုင်းအစများ (Submunitions/Shrapnel) ကြောင့် မှန်များနဲ့ ကိုယ်ထည်များ ပျက်စီးသွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကတော့ ဂျော်ဒန်နိုင်ငံရှိ လေတပ်စခန်းကို အီရန်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် စစ်ဘက်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း ထုတ်ပြန်တယ်။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကတော့ သူတို့ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေဟာ အမေရိကန်ရဲ့ F-15, F-16, F-35 တိုက်လေယာဉ်များ ထားရှိရာနဲ့ ပြုပြင်ထိန်းသိမ်းရေး အဆောက်အအုံများကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ပြင်းထန်စွာ ပျက်စီးစေခဲ့ကြောင်း ထုတ်ပြန်တယ်။
အနောက်နိုင်ငံ မီဒီယာကြီးများနဲ့ သီးခြား သုတေသနအဖွဲ့များကတော့ အမေရိကန်ဟာ စစ်ရေးအရ အထိနာမှုတွေကို သတင်းအမှောင်ချဖို့ ကြိုးပမ်းနေကြောင်း သုံးသပ်ထားကြတယ်။ BBC Verify ရဲ့ စုံစမ်းချက်အရ အမေရိကန်အစိုးရဟာ ကမ္ဘာ့အဓိက ဂြိုဟ်တုဓာတ်ပုံပံ့ပိုးတဲ့ Planet ကုမ္ပဏီကို အီရန်နဲ့ အရှေ့အလယ်ပိုင်းဒေသတခုလုံးရဲ့ ဂြိုဟ်တုဓာတ်ပုံအသစ်များ ထုတ်ပေးခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားဖို့ ဖိအားပေး တောင်းဆိုခဲ့ကြောင်း ဖော်ပြကြတယ်။
တရုပ်နဲ့ ရုရှနိုင်ငံတို့က အမေရိကန်စစ်စခန်းတွေရဲ့ တည်နေရာနဲ့ပတ်သက်ပြီး မဟာဗျူဟာမြောက် ဂြိုဟ်တုအချက်အလက်များနဲ့ ပစ်မှတ်ရှာဖွေရေး (Targeting data) နည်းပညာများ ပံ့ပိုးကူညီပေးနေကြကြောင်း ခိုင်မာတဲ့ အထောက်အထားတချို့နဲ့အတူ အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ စစ်ရေးလေ့လာသူတွေက ထောက်ပြကြတယ်။
ရုရှဟာ Cosmos ကင်းထောက်ဂြိုဟ်တုတွေနဲ့ စစ်ဘက်သုံး ထောက်လှမ်းရေးကွန်ရက်ကတဆင့် ရရှိတဲ့ အရှေ့အလယ်ပိုင်းရှိ အမေရိကန်နဲ့ အစ္စရေး စစ်စခန်းတွေရဲ့ တည်နေရာ၊ လေကြောင်းရန်ကာကွယ်ရေးစနစ် တပ်ဆင်ထားမှု အခြေအနေတွေကို အီရန်တော်လှန်ရေးအစောင့်တပ်ဆီ အချိန်နှင့်တပြေးညီ (Real-time data) လွှဲပြောင်းပေးနေကြောင်း စွပ်စွဲကြတယ်။ အီရန်ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဒရုန်းတွေ အမေရိကန် လေကြောင်းကာကွယ်ရေးစနစ်ကို ဖြတ်ကျော်ပြီး တိတိကျကျ ထိမှန်နိုင်ခြင်းဟာ ရုရှရဲ့ GLONASS (ဂြိုဟ်တုလမ်းညွှန်စနစ်) နည်းပညာ ပေါင်းစပ်အသုံးပြုထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ကြတယ်။
တရုပ်ရဲ့ အရပ်ဘက် ဂြိုဟ်တုကုမ္ပဏီတွေဟာ(ဥပမာ - Spacety) အရှေ့အလယ်ပိုင်းရှိ အမေရိကန်စခန်းတွေကို ထောက်လှမ်းနိုင်တဲ့ ရေဒါဂြိုဟ်တုပုံရိပ် (SAR imagery) ကို ကြားခံတွေကတဆင့် အီရန်ထံ ရောင်းချခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စုံစမ်းသိရှိသွားပြီး ပိတ်ဆို့အရေးယူခဲ့တယ်။ အီရန်ထုတ် တိုက်ခိုက်ရေးဒရုန်းတွေမှာ အသုံးပြုနေတဲ့ အီလက်ထရွန်နစ် ပတ်လမ်းများ၊ အာရုံခံကိရိယာများနဲ့ Microchips အများစုဟာ တရုပ်နိုင်ငံထုတ် Dual-use technology ဖြစ်ပါတယ်။

Схожие новости

#Наименование новостиТональностьИнформативностьДата публикации
1Иран повредил 20 вертолетов Black Hawk США в Иордании-3719-07-2026
2Ближний Восток и США: утраченные победы и отрицательный рост геополитического ...16.5302-08-2026
3WSJ: атака на базу США в Иордании пришлась на блок, где спали военные0721-07-2026
4Το Ιράν ανακοίνωσε ότι τρεις Ιρανοί πιλότοι έχουν αιχμαλωτισθεί στο Κατάρ -Διαψεύδει η Ντόχα07.3215-08-2026
5Спутниковые снимки зафиксировали повреждения на базе США в Иордании после ...06.6731-08-2026
6 Οι Χούθι δηλώνουν πως εξαπέλυσαν επίθεση εναντίον εγκαταστάσεων της Aramco στη Σαουδική Αραβία06.514-08-2026
7Εκστρατεία προπαγάνδας από το Ιράν: Σήκωσαν στην κεντρική πλατεία ταμπλό με σκελετό Αμερικανού στρατιώτη06.9616-08-2026
8Иранский Корпус стражей исламской революции атаковал военную базу США в Иордании0721-07-2026
9Iran’s IRGC reports destroying US fighter jet deployment sites in Jordan — Tasnim09.2530-08-2026

Классификация: Международные. Схожих патентов: 0. Схожих новостей: 9. Тональность: 0. Информативность: 8.91. Источник: vk.com.